ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၄၅

From Wikisource
Jump to navigation Jump to search
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၄၅ (1948)
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ
295020ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၄၅1948ကုလသမဂ္ဂ လုံခြုံရေးကောင်စီ

လုံခြုံရေးကောင်စီ၏ ၂၇၉ ကြိမ်မြောက် အစည်းအဝေးတွင် ထောက်ခံမဲ ၁၀ မဲ၊ ကန့်ကွက်မဲ မရှိ၊ ကြားနေမဲ ၁ မဲ (အာဂျင်တီးနား) တို့ဖြင့် ၁၉၄၈ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် အတည်ပြုခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည်-

ပြည်ထောင်စုမြန်မာနိုင်ငံတော်မှ လျှောက်ထားချက်နှင့်စပ်လျဉ်းသည့် အဖွဲ့ဝင်သစ်များတင်သွင်းခွင့်ဆိုင်ရာကော်မတီက တင်ပြသည့်အစီရင်ခံစာကို လက်ခံစဉ်းစားလျက်၊

ပြည်ထောင်စုမြန်မာနိုင်ငံတော်မှ ကုလသမဂ္ဂ၏အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားချက်ကို လုံခြုံရေးကောင်စီအဖွဲ့ဝင်များ၏ တညီတညွတ်တည်း လက်ခံသဘောတူချက်ကိုအသိအမှတ်ပြုလျက်

ပြည်ထောင်စုမြန်မာနိုင်ငံတော်အား ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုရန် အထွေထွေညီလာခံသို့ အဆိုပြုသည်။