၁၉၆၃ ခုနှစ်၊ တရားဥပဒေများအာဏာတည်စေခြင်းနှင့် ရပ်စဲစေခြင်းဥပဒေ

From Wikisource
Jump to navigation Jump to search
၁၉၆၃ ခုနှစ်၊ တရားဥပဒေများအာဏာတည်စေခြင်းနှင့် ရပ်စဲစေခြင်းဥပဒေ (1963)
by ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ
293048၁၉၆၃ ခုနှစ်၊ တရားဥပဒေများအာဏာတည်စေခြင်းနှင့် ရပ်စဲစေခြင်းဥပဒေ1963ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့

၁၉၆၃ ခုနှစ်၊ တရားဥပဒေများအာဏာတည်စေခြင်းနှင့် ရပ်စဲစေခြင်းဥပဒေ။

[၁၉၆၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီဥပဒေအမှတ် ၄။]

၁၃၂၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက်။

(၁၉၆၃ ခုနှစ်၊ မတ်လ ၁၅ ရက်။)


အောက်ဖေါ်ပြပါဥပဒေကို ထုတ်ပြန်ကျေညာသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီဥက္ကဋ္ဌသည်၊ အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။


၁။ ။ (၁) ဤဥပဒေကို ၁၉၆၃ ခုနှစ်၊ တရားဥပဒေများအာဏာတည်စေခြင်းနှင့် ရပ်စဲစေခြင်းဥပဒေဟု ခေါ်တွင်စေရမည်။

(၂) ဤဥပဒေသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ် သည့်နယ်မြေနှင့် သက်ဆိုင်စေရမည်။
(၃) ဤဥပဒေသည်၊ ချက်ခြင်းအာဏာတည်ရမည်။


၂။ ။ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရသည်၊ အမိန့်ကြော်ငြာစာထုတ်ပြန်၍၊ ဤဥပဒေနှင့် သက်ဆိုင်သည့်နယ်မြေတွင်၊ သို့တည်းမဟုတ် ထိုနယ်မြေတစိတ်တဒေသတွင်၊ တရားဥပဒေတခုခု၊ ပြုပြင်ပြောင်းလဲချက်များပါရှိ၍ ဖြစ်စေ၊ မပါဘဲဖြစ်စေ၊ အာဏာတည်စေရမည်ဟူ၍သော်၎င်း၊ အာဏာ တည်ခြင်းမှ ရပ်စဲစေရမည်ဟူ၍သော်၎င်း၊ ဆင့်ဆိုနိုင်သည်။


၃။ ။ ပုဒ်မ ၂ အရ၊ တရားဥပဒေတခုခုအာဏာတည်ခြင်းမှ ရပ်စဲသောအခါ၊ မြန်မာနိုင်ငံ ယေဘုယျစကား ရပ်အက်ဥပဒေပုဒ်မ ၅၊ အပိုဒ် (ခ)၊ (ဂ)၊ (ဃ)နှင့် (င) ရှိအက်ဥပဒေရုပ်သိမ်းခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ အကျိုးသက်ရောက်ရမည်။


ဗိုလ်နေဝင်း၊

ဥက္ကဋ္ဌ၊

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ၊


ရန်ကုန်မြို့၊ ၁၃၂၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက်။

(၁၉၆၃ ခုနှစ်၊ မတ်လ ၁၅ ရက်။)


အမိန့်အရ၊

ဒု-ဗိုလ်မှူးကြီး ကိုကို၊

အတွင်းဝန်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရအဖွဲ့။