၁၉၆၂ ခုနှစ်၊ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ

From Wikisource
Jump to navigation Jump to search
၁၉၆၂ ခုနှစ်၊ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ (1962)
by ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ
292352၁၉၆၂ ခုနှစ်၊ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ1962ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ

တော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့

၁၉၆၂ ခုနှစ်၊ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ။

[၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၃။]

၁၃၂၄ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်။

(၁၉၆၂ ခုနှစ်၊ မေလ ၉ရက်။)

အောက်ဖေါ်ပြပါ ဥပဒေကို ထုတ်ပြန်ကျေညာသည်။

နိုင်ငံတော် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌသည်၊ အောက်ပါ ဥပဒေကို ပြဋ္ဌာန်းလိုက်သည်။


၁။ ။ (၁) ဤဥပဒေကို ၁၉၆၂ ခုနှစ်၊ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေဟု ခေါ်တွင် စေရမည်။

(၂) ဤဥပဒေသည်၊ ချက်ခြင်းအာဏာတည်ရမည်။


၂။ ။ (၁) ရန်ကုန်တက္ကသိုလ် အက်ဥပဒေ (The University of Rangoon Act ) ကို၊ ဤဥပဒေဖြင့် ရုပ် သိမ်းလိုက်သည်။

(၂) ယင်းသို့ရုပ်သိမ်းသည့်အခါ-
(က) မြန်မာနိုင်ငံ ယေဘုယျစကားရပ် အက်ဥပဒေ ပုဒ်မ ၅ပါ ပြဋ္ဌာန်းချက်များ အကျိုးသက်ရောက်ရမည်။
(ခ) ရန်ကုန်တက္ကသိုလ် ပိုင်ပစ္စည်းအားလုံးသည်၎င်း၊ ရန်ကုန်တက္ကသိုလ်၏ ကြွေးမြီတာဝန်အားလုံးသည်၎င်း အစိုးရ၌ တည်ရှိသက်ရောက်ရမည်။


၃။ ။ ဤဥပဒေစတင် အာဏာတည်သည့် အချိန်မှအစပြု၍၊ နိုင်ငံတော် တော်လှန်ရေး အစိုးရသည်၊ ရန် ကုန် တက္ကသိုလ်အား၊ အဆိုပါ ရုပ်သိမ်းခြင်းခံရသော ရန်ကုန်တက္ကသိုလ် အက်ဥပဒေဖြင့် ပေးအပ်ထား သည့် အာဏာနှင့် တာဝန်ဝတ္တရားများကို ဆက်လက်သုံးစွဲ ဆောင်ရွက်ရမည်။


ဗိုလ်နေဝင်း၊

ဥက္ကဋ္ဌ၊

နိုင်ငံတော် တော်လှန်ရေးကောင်စီ။


၁၃၂၄ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်။

(၁၉၆၂ ခုနှစ်၊ မေလ ၉ ရက်။)


အမိန့်အရ၊

ဒု-ဗိုလ်မှူးကြီး ကိုကို၊

အတွင်းဝန်၊ နိုင်ငံတော် တော်လှန်ရေး အစိုးရအဖွဲ့။