ကြာဆစ်ကြိုး

From Wikisource
Jump to navigation Jump to search
မောင်ခွေးဖို့ ကဗျာများ
by မင်းသုဝဏ်
၄။ ကြာဆစ်ကြိုး
184174မောင်ခွေးဖို့ ကဗျာများ — ၄။ ကြာဆစ်ကြိုးမင်းသုဝဏ်

ကြာဖြူကြာနီ ကြာညိုနှောလို့
တို့လယ်တောမှာ ပွင့်ကြတယ်။
ကောက်စိုက်အပြန် ရေကန်ကြီး
ကြာတစ်စည်းလောက် ချိုးခဲ့ကွယ်။
ကြာပွင့်ကြာငုံ ထုံထုံမွှေးကို
မလေးဘယ်သို့ သုံးပါ့မယ်။
ကြာရိုးကြာနွယ် ဘယ်ညာဆစ်လို့
ရွှေကြာဆစ်ကြိုး ဆွဲပါ့မယ်။
ဆွဲပါ့မယ်။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse